Published 23 April 2023

တနင်္ဂနွေနေ့မှာကျရောက်တဲ့ တရုတ်ရေတပ်ရဲ့ ၇၄နှစ်မြောက်နေအကြိုအဖြစ် တရုတ်ရေတပ်ဟာ ‌ယင်းရဲ့ရေပိုင်နက်ထဲ စစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ကြပါတယ်။

ပင်လယ်ဝါထဲမှာ ရေတပ်လေ့ကျင့်ရေးစင်တာက ကြီးမှူးပြီး အင်အားပြည့် လေ့ကျင့်ခန်းတွေနှင့်အတူ ကြီးမားတဲ့ ဖျက်သင်္ဘော ဝူဇီနှင့် ဖျက်သင်္ဘောအသစ် ကွေးယန်းတို့ကပါ ပါဝင်စွမ်းရည်ပြသခဲ့ကြပါတယ်။ စစ်သင်္ဘောအသစ်တွေရဲ့ အလုံးစုံသော တိုက်ခိုက်ရေးစွမ်းရည်ကိုစစ်ဆေးဖို့နှင့် တိုးတက်စေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

Source: CCTVPlus

#တရုတ်ရေတပ်စစ်ရေးလေ့ကျင့်ခန်း

#တရုတ်စစ်ရေးစွမ်းအား

#YangonMediaGroup