Published 24 April 2023

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ကမ္ဘာခန်းမကြီးတွင် တရုတ်ပုံစံခေတ်မီတိုးတက်ရေးနှင့်ကမ္ဘာဆိုတဲ့ခေါင်းစဉ်နှင့် Lanting ဖိုရမ်ကို  ပြီးခဲ့တဲ့သောကြာနေ့ကကျင်းပခဲ့ရာ တရုတ်သမ္မတရှီကျင့်ဖျင်က ဂုဏ်ပြုသဝဏ်လွှာပါးခဲ့တယ်လို့ တရုတ်မီဒီယာတွေကသတင်းရေးသားပါတယ်။

တရုတ်ကွန်မြူနစ်ပါတီအနေနှင့်  နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားပြည်သူအသီးသီးကို စည်းလုံးညီညွတ်စွာ ဦးဆောင်ပြီး ကာလကြာရှည်စွာ ခက်ခဲကြမ်းတမ်းမှုများကို ဖြတ်သန်းခဲ့ပြီးနောက် တရုတ်နိုင်ငံအခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ရှီက ပြောပါတယ်။

တရုတ်နိုင်ငံအနေနှင့်  နိုင်ငံအသီးသီးနှင့်အတူ တရုတ်ပုံစံခေတ်မီမှု အောင်မြင်မှုအသစ်များဖြင့် ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းသစ်များ ပံ့ပိုးပေးနိုင်ရန် ကြိုးပမ်းရင်း ခေတ်မီမှုလမ်းကြောင်းနှင့် ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းစနစ်ကို လူသားများ ရှာဖွေတွေ့ရှိနိုင်ရေးအတွက် အားသစ်လောင်းပေးကာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရန် မြှင့်တင်ဆောင်ရွက်မယ်လို့လည်း သမ္မတရှီက သူ့ရဲ့ သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။

အဆိုပါဖိုရမ်ကို နိုင်ငံပေါင်း ၈၀ခန့်က အစိုးရကိုယ်စားလှယ်တွေ၊ဉာဏ်ကြီးရှင်အဖွဲ့တွေနှင့် မီဒီယာတွေတက်ရောက်ခဲ့ကြပါတယ်။

တရုတ်နိုင်ငံဟာ ယင်းရဲ့ကိုယ်ပိုင်ပုံစံနှင့်ပဲ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကိုလျှောက်လှမ်းမယ်လို့ တရုတ်ခေါင်းဆောင်တွေက ထပ်ခါတလဲလဲ ပြောကြားခဲ့ကြတာဖြစ်ပါတယ်။

Source CCTV

#Lantingဖိုရမ်၊

#တရုတ်နိုင်ငံကိုယ်ပိုင်ပုံစံဖြင့်ခေတ်မီခြင်း

#YangonMediaGroup