#Local_News
Published_ 25 April 2023

တရုတ်-မြန်မာနယ်စပ်မြို့များတွင် မိုးလေဝသဝန်ဆောင်မှုများဆောင်ရွက်ထားကြောင်း မြန်မာ နိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်၊၊

 

ထုတ်ပြန်ချက်တွင် ဝမ်တိန်နယ်စပ်ဂိတ်သည် ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲတွင် တည်ရှိပြီး တရုတ်-မြန်မာနှစ်နိုင်ငံ သွားလာဆက်ဆံသည့် အရေးပါနယ်စပ်ဂိတ်ဖြစ်ကြောင်း၊ နယ်စပ်ဂိတ်ဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုလုံခြုံရေးကို အာမခံနိုင်ရန်အတွက် ၂၀၂၁ ခုနှစ်တွင် နယ်စပ်ဂိတ်များ ကုန်စည်ဖြတ်သန်းမှုကို ပြန်လည်ဖွင့်လှစ်ပြီးနောက် ရွှေလီမြို့မိုးလေဝသဦးစီးဌာနသည် ဝမ်တိန်အပါအဝင် ကုန်စည်ဖြတ်သန်းရာလမ်းကြောင်း သုံးခုအတွက် သီးသန့်မိုးလေဝသ အာမခံဝန်ဆောင်မှုပေးခဲ့သည်ဟုဆိုသည်၊၊

 

မိုးရာသီကျရောက်လာချိန်တွင် တရုတ်-မြန်မာနှစ်ဖက်မှ ယာဉ်မောင်းများသည် လက်ကိုင်ဖုန်းတွင် ကြိုတင်သတိပေးသည့် စာတိုများလက်ခံရရှိနိုင်သဖြင့် မကောင်းမွန်သော ရာသီဥတုကြောင့် ကုန်စည်ပို့ဆောင်မှုအပေါ်အကျိုးသက်ရောက်မှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်းမြန်မာနိုင်ငံသား ကျောင်းသားကျောင်းသူပေါင်း သုံးပုံတစ်ပုံရှိသည့် ရွှေလီမြို့ ကျယ်ဂေါင်မူလတန်းကျောင်းတွင် ရွှေလီမြို့မိုးလေဝသဦးစီးဌာနသည် ကျောင်းနှင့်အတူ မိုးလေဝသထူးခြားချက်လှုပ်ရှားမှုသင်ခန်းစာ အတူဖော်ဆောင်ပြီး မိုးလေဝသယေဘုယျဗဟုသုတများအား နေ့စဉ်သင်ကြားမှုတွင် ပေါင်းစပ်ခဲ့ကြောင်း ဖော်ပြထားသည်၊၊

 

ယင်းအပြင်၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ရွှေလီမြို့ ပထမဆုံး ကျေးလက်တောရွာ မိုးကြိုးအန္တရာယ်ကာကွယ်ရေးနှင့် ဘေးအန္တရာယ်လျှော့ချရေးစံနမူနာပြနေရာကို တရုတ်-မြန်မာနယ်စပ်ရှိ ရင်ကျင်ရွာတွင် တည်ဆောက်ပြီးစီး၍ စတင်အသုံးပြုခဲ့ကြောင်း၊ ရွှေလီမြို့မိုးလေဝသဦးစီးဌာနသည် ယူနန်ပြည်နယ် မိုးလေဝသအန္တရာယ် ကြိုတင်ကာကွယ်ရေးစင်တာနှင့်အတူ ဤနေရာ၌ မိုးကြိုးအန္တရာယ်အရေးပေါ် ရှောင်တိမ်းရာနေရာ ၁ ခုနှင့် မိုးကြိုးလွှဲ ၃ ခုတပ်ဆင်ခဲ့ကြောင်း၊ ၎င်းသည် တရုတ်နိုင်ငံပြည်တွင်းရှိ ရင်ကျင်ရွာကို လွှမ်းခြုံနိုင်ရုံသာမက မြန်မာနိုင်ငံပြည်တွင်းရှိ မန့်ဟီးရိုးမြို့ကိုလည်း လွှမ်းခြုံနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်၊၊

 

#ymg/tthl #Local_News #တရုတ်-မြန်မာ #မိုးလေဝသ
#YMG #Yangon_Media_Group