#Local_News
Published_ 16 April 2023

တရုတ်နိုင်ငံ၊ကူမင်းမြို့၊မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ နှစ်သစ်ကူးမြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အခမ်း အနားကိုဧပြီလ(၁၅)ရက်သင်္ကြန်အကြတ်နေ့၌ ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ၏ထုတ်ပြန်ချက်အရသိရသည်၊၊

 

ကူမင်းမြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံး ပရဝုဏ်အတွင်း ကျင်းပခဲ့ခြင်းဖြစ်ပြီးနှစ်သစ်ကူး မြန်မာ့ရိုးရာမဟာသင်္ကြန်ရေသဘင် ပွဲတော်အခမ်းအနားသို့ ယူနန်ပြည်နယ် စီးပွားရေးဌာနမှ ညွှန်ကြားရေးမှူချုပ် မစ္စတာလီချန်းယန်၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရုံးမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် မစ္စတာယန်ရှောက်ချန်းနှင့် တာဝန်ရှိသူများ၊ ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ် ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ဇနီးများနှင့် သံတမန်များ၊ ယူနန်ပြည်နယ် တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသည့် မြန်မာကျောင်သား/ ကျောင်းသူများ၊ ယူနန်တက္ကသိုလ် မြန်မာစာ သင်ကြားရေးဌာနမှ ဆရာ၊ဆရာမများ၊ ကူမင်းမြို့ရှိ မြန်မာအသိုင်းအဝိုင်းနှင့် ဖိတ်ကြားထား သည့် ဧည့်သည်တော်များနှင့် ကောင်စစ်ဝန်ချုပ်ရုံးအရာထမ်း/အမှုထမ်း မိသားစုများမှ ပါဝင်ဆင်နွှဲခဲ့သည်၊၊

 

အခမ်းအနားတွင် မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်မှ နှစ်သစ်ကူးအမှာစကားနှင့် နှစ်သစ်ကူး ဆုမွန်ကောင်းများ ပြောကြားခဲ့ပြီး ကောင်စစ်ဝန်ချုပ်ရုံး မိသားစုများမှ သင်္ကြန်အဆိုအကများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့သည်၊၊

အခမ်းအနားကိုလာရောက်သည့် ဧည့်သည်တော်များအား မြန်မာ့ရိုးရာအစားအစာများဖြစ်သော မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ ကျောက်ကျော၊ အကြော်စုံ စသည်တို့အပြင် အခြားစားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ကာ ရေသဘင်ပွဲကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြောင်းသိရသည်၊၊
ymg/tthl
#Local_News #တရုတ်နိုင်ငံကူမင်းမြို့ #မြန်မာကောင်စစ်ဝန်ချုပ်ရုံး #မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်
#YMG #Yangon_Media_Group