#Local_News
Published_11 January 2023

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပမှဝယ်လိုအားနည်းသည့်အတွက် သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှု လျော့ကျလာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့်စာရင်းများအရ သိရသည်။

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကိုးလတာကာလအတွင်း ပြည်ပသို့ သတ္တုနှင့်တွင်းထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၂၂ ဒသမ ၃၄၁ သန်း ရရှိထားကြောင်း၊ အဆိုပါဝင်ငွေသည် ပြီးခဲ့သည့်နှစ် ကာလတူထက် ကန်ဒေါ်လာ သန်း ၃၀၀ ကျော် လျော့ကျခဲ့ကြောင်း သိရသည်။

 

နိုင်ငံပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၁၅ သန်းတင်ပို့ခဲ့ပြီး ပုဂ္ဂလိကကဏ္ဍမှ အမေရိကန်ဒေါ်လာ ၂၀၆ ဒသမ ၁၉ သန်းတင်ပို့ထားကြောင်း သိရသည်။ သတ္တုတွင်းထွက်ပစ္စည်းအုပ်စုထဲတွင် သတ္တု၊သတ္တုရိုင်း၊ ကျောက်စိမ်း၊ ကျောက်မျက်ရတနာနှင့် တခြားတွင်းထွက်ပစ္စည်းများပါဝင်ကြောင်း သိရသည်။ ကျောက်စိမ်း၊ကျောက်မျက်ရတနာများကို ပြည်ပမှ အဝယ်နည်းခဲ့သည့်အတွက်ကြောင့် ကျောက်စိမ်း၊ ကျောက်မျက်ရတနာတင်ပို့မှုသည် သိသိသာသာလျော့နည်းလာကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group