#Local_News
Published_11 January 2023

မိတ္ထီလာမြို့နယ်တွင် ကုန်တင်ယာဉ်နှင့်အိမ်စီးယာဉ် မျက်နှာချင်းဆိုင် တိုက် မိ၍ အမျိုးသား တစ်ဦးသေဆုံးခဲ့ကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ဇန်နဝါရီလ ၁၀ ရက် ညပိုင်းက မိတ္ထီလာမြို့သစ်အထွက် ဘီးခွန်ဂိတ်အကျော် နဝရတ်ဆီဆိုင်အနီးတွင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

"ည ၈ နာရီကျော်လောက်မှာ ကုန်ကားနဲ့ အိမ်စီးကားနဲ့တိုက်မိလို့ဆိုပြီး ကျွန်တော်တို့ဆီကို ဖုန်းဝင်လာလို့ သွားရောက်အကူအညီပေးခဲ့ပါတယ်။ တိုက်မိတာကတော့ ကား၂စီး မျက်နှာချင်းဆိုင်တိုက်တာ၊အပြည်သာယာလူငယ် အသင်းကလူနာတင်ကား (၂)စီး ၊ မေတ္တာပါရမီအသင်းကလူနာတင်ကား (၁)စီး နဲ့ သွားရောက်ကူညီပေးခဲ့တယ်။ ဒဏ်ရာရတဲ့ထဲက အမျိုးသားတစ်ယောက်က ပြင်းထန်တဲ့အတွက် အဲဒီမှာပဲဆုံးသွားပါတယ်"ဟု ယင်းကဆိုသည်။

 

လက်ရှိတွင် ညာဘက်ခြေထောက်ကျိုးကာ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးမှာ နှင့် မိတ္ထီလာဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group