Published 11 January 2023

အသစ်ခန့်အပ်လိုက်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန် Qin Gang ဟာ အာဖရိကနှင့်အာရပ်နိုင်ငံအချို့ကို သွားရောက်တဲ့ခရီးစဉ်အတွင်း အီသီယိုပီးယားမဆိုက်ရောက်ခင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဇန်နဝါရီ ၁၀ရက်က  မကြေညာဘဲ ခရီးတစ်ထောက် ရပ်နားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအေကေ အက်ဒူလ်မိုမင်နှင့်တွေ့ဆုံခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြပါတယ်။

တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးတွေ့ဆုံစဉ်မှာ သူတို့ဟာ မြန်မာနိုင်ငံက ဘင်္ဂလီတွေကိစ္စ အပါအဝင် အခြားနှစ်နိုင်ငံဆက်ဆံရေးနှင့် နိုင်ငံတကာရေးရာကိစ္စတွေကိုဆွေးနွေးခဲ့ကြတယ်လို့ သတင်းတွေကဆိုပါတယ်။

ပြဿနာဖြေရှင်းလို့မရသေးရင် ဒါဟာ အစွန်းရောက်ဝါဒတွေကြောင့်ဖြစ်နိုင်တယ်လို့ မိုမင်က တရုတ်နိုင်ငံခြားရေးဝန်ကြီးကိုပြောကြားခဲ့ပါတယ်။

မြနမာနိုင်ငံက ဘင်္ဂလီကိစ္စနှင့်ပတ်သက်ရင်   သူတို့ကို ပြန်ပို့ဖို့ကိစ္စ နှောင့်နှေးနေရတာဟာ  မြန်မာနိုင်ငံမှာပြဿနာအချို့ရှိနေတာကြောင့်လို တရုတ်နိုင်ငံခြားရေးဝန်ကြီးအသစ်ကပြောတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ဒါကာမှာရှိတဲ့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“ဒါပေမယ့်.. တရုတ်နိုင်ငံခြားရေးဝန်ကြီးက မျှော်လင့်ယုံကြည်ဆဲဖြစ်တယ်” လို့ ဒေါက်တာ မိုမင်ကပြောတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာဖြစ်တဲ့ ဒါကာထရိုင်ဗျူးသတင်းစာကရေးသားပါတယ်။

“သူတို့ဟာ နိုင်ငံမဲ့ပြီး အနာဂတ်ဟာ မသေမချာမရေမရာဖြစ်နေကြရတယ်။ အဲဒါတွေကြော့်  အစွန်းရောက်ဝါဒနှင့် အကြမ်းဖက်ဝါဒတွေကို သူတို့ မလွန်ဆန်နိုင်ဖြစ်သွားနိုင်တယ်။ ရလာဒ်အားဖြင့် ငြိမ်းချမ်းရေးဟာ ပျက်စီးသွားလိမ့်မယ်” လို့ သူကပြောတယ်လို့ ဒါကာသတင်းစာကရေးပါတယ်။

ပြဿနာကို အမြန်ုဆုံးပြေလည်သွားဖို့ တရုတ်ဘက်ကနေ အထူးအရေးယူဆောင်ရွက်မှုတွေပြုလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ကြိုးစားနေပါတယ်။

“ အနည်းဆုံးတော့ သူ့အနေနှင့် လုပ်ငန်းစဉ်ကိုစတင်သင့်တယ်” လို့ မိုမင်ကပြောပါတယ်။

Source” Dhaka Tribune

#Myanmar_Bangladesh

#China_Bangladesh

#Myanmar_China