#Local_News
Published_ 10 January 2023

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ရွှေဆိုင်တစ်ဆိုင်မှ ရွှေများကို လုယက်ယူဆောင်သွားသည့် အသက် (၃၄) နှစ်အရွယ် ထိုင်းလူမျိုး အမျိုးသားတစ်ဦးကို ဇန်နဝါရီလ ၈ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ တာချီလိတ်မြို့နယ်အတွင်း မြန်မာရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း Maesaipress က ရေးသားထားသည်။

 

ပြီးခဲ့သည့်၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၂၆) ရက်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ရွှေဆိုင် တစ်ခုကို ဝင်ရောက်၍လုယူခဲ့သည့်အဆိုပါ အမျိုးသားအနေဖြင့် ရွှေများကို ရောင်းချကာ မြန်မာနိုင်ငံ တာချီလိတ်မြို့ရှိ လောင်းကစားရုံတွင် အကြွေးဆပ်ခဲ့ခြင်းဖြစ်ကြောင်း၊ လုယူလာသည့် ရွှေအလေးချိန် (၅)ကျပ်သားကို ထိုင်းဘတ်ငွေ (၁၅၃၅၀၀)ဘတ်ဖြင့် ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းထိုင်းနိုင်ငံသားမှာ နှာခေါင်းစည်း (Mask) တပ်ဆင်၍ ရွှေဆိုင်သို့ ၂ ကြိမ်လာရောက်ခဲ့ပြီး ဒုတိယအကြိမ်လာရောက်ချိန်တွင် လုယက်ယူ ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းကိုဖမ်းဆီးရမိရန် ထိုင်းဘတ်ငွေ ၅ သောင်း ဆုကြေးထုတ်ထားခြင်းခံရသူလည်း ဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group