#Local_News
Published_10 January 2023

 

ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုနှင့်အတူ အသင်းရည်ညွှန်းဈေးနှုန်းမှာလည်း အကယ်ဒမီမီးလင်းရွှေ တစ်ကျပ်သား ၂၂ သိန်းကျော်လာကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းမှစတင်ပြီး ကမ္ဘာ့ရွှေဈေးမှာဆက်တိုက်မြင့်တက်လာခဲ့ပြီး ပြည်တွင်းရွှေဈေးကွက်တွင်လည်း ဈေးအနည်းငယ်မြင့်တက်လာကြောင်း၊ ယင်းအပြင် ယနေ့(ဇန်နဝါရီလ ၁၀ ရက်) တွင်အသင်းမှထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းမှာ ၂၂ သိန်းကျော်ဖြစ်ပြီးယမန်နေ့ထက် မြင့်တက်နေကြောင်း သိရသည်။

 

ပြည်တွင်းရွှေဈေးနှုန်းသည် ကမ္ဘာ့ရွှေဈေး၊ အမေရိကန်ဒေါ်လာ ငွေလဲနှုန်း အတက်အကျတွေအပေါ် အဓိက သက်ရောက်မှုရှိနေခြင်းဖြစ်ကြောင်း၊ လက်ရှိ ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေစုဆောင်းလိုမှုသည်လျော့ကျလာပြီး ဝယ်လိုအားထက် ရောင်းလိုအားပိုများနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်၏ ပြောပြချက်အရ သိရသည်။

 

ရွှေလုပ်ငန်းရှင်များအသင်းအနေဖြင့် ရည်ညွှန်းဈေးနှုန်းကိုသာ ထုတ်ပြန်ပေးနေခြင်းဖြစ်ပြီး ဈေးကွက်အတွင်း ကြိုက်ရောင်းကြိုက်ဝယ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ခွင့်ပြုထားကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group