#Local_News
Published_ January 2023

 

လာမည့် ဇန်နဝါရီလ ၁၆ ရက်တွင် တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၄၀ ကျော်ကို ထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီမှ အသိပေးထုတ်ပြန်ထားသည်။

 

အဆိုပါ နိုင်ငံသို့ Regular လုပ်သာ ၈၈ ဦး၊ Re-entry လုပ်သား ၅၃ ဦး စုစုပေါင်း ၁၄၁ ဦးကို စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။

 

အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်ဖြင့် Re-entry ကုန်ထုတ်လုပ်သား ၄၅ ဦး၊ Re-entry စိုက်ပျိုး/မွေးမြူရေး လုပ်သား ၃ ဦးကို ၂၀၂၃ ခုနှစ်အတွက် ပထမဦးဆုံး စေလွှတ်ထားကြောင်း၊ လက်ရှိတွင် မြန်မာလုပ်သား ၅၀,၀၀၀ နီးပါးတောင်ကိုရီးယားနိုင်ငံတွင်လုပ်ကိုင်နေကြောင်းလည်း သိရသည်။

 

တောင်ကိုရီးယားအစိုးရမှ ကိုဗစ်ကာလအလွန်တွင် မြန်မာအလုပ်သမားများကို တရားဝင်ပြန်လည်လက်ခံနေပြီး သြဂုတ်လတွင် ၁၂၉၃ ဦး၊ စက်တင်ဘာလတွင် ၉၇၈ ဦး၊ အောက်တိုဘာလတွင် ၁၁၆၉ ဦး၊ နိုဝင်ဘာလတွင် ၇၂၈ ဦး၊ ဒီဇင်ဘာလတွင် ၅၉၉ ဦးစေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group