#Local_News
Published_ 6 January 2023

နိုင်ငံခြားငွေလွှဲအများဆုံးဝင်ရောက်ခဲ့သည့် ပုဂ္ဂလိကပိုင်ဘဏ်(၃)ဘဏ်ကို နိုင်ငံခြားငွေရှာဖွေပေးနိုင်ဆုံးဘဏ်များအဖြစ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှချီးကျူးဂုဏ်ပြုခဲ့ကြောင်း သိရသည်၊၊

 

ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ လုပ်ခ၊လစာ ခေါင်းစဉ်ဖြင့် ၂၀၂၂ ခုနှစ်အောက်တိုဘာ(၃၁)ရက်မှ ဒီဇင်ဘာလ(၃၀)ရက်အထိ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD)လိုင်စင်ရဘဏ်များသို့ ငွေလွှဲခဲ့သည့်ပမာဏများအနက် အများဆုံးငွေလွှဲဝင်ရောက်သည့် (၁) CB Bank PCL၊ဒုတိယအများဆုံးဖြစ်သည့်(၂)ကမ္ဘောဇဘဏ်လီမိတက်နှင့် တတိယအများဆုံးဖြစ်သည့် (၃)ဧရာဝတီဘဏ်တို့ကို နိုင်ငံတော်အတွက် နိုင်ငံခြားငွေရှာဖွေပေးနိုင်ဆုံးဘဏ်များအဖြစ်ချီးကျူးမှတ်တမ်းတင်သည့်အခမ်းအနားကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကျင်းပခဲ့သည်၊၊

 

အဆိုပါအခမ်းအနားကို ဇန်နဝါရီ(၅)ရက်ကကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဌနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုပန်းခြင်းများပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်၊၊

 

#ymg/tthl
#Yangon_Media_Group