#Local_News
Published_6 January 2023

 

ရန်ကုန်စတော့အိတ်ချိန်း (YSX) စာရင်းဝင်ကုမ္ပဏီများထဲမှ မြန်မာသီလဝါ SEZ ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်သည် ၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း စတော့ရှယ်ယာအရောင်းအဝယ် အများဆုံးဖြစ်ပေါ်ခဲ့ကြောင်း YSX ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ ကုမ္ပဏီအနေဖြင့် တစ်နှစ်တာအတွင်း ကျပ် (၃၇၅၅ ဒသမ ၉၂) သန်း ပမာဏရှိသည့် ရှယ်ယာအစောင်ရေ (၁၂) သိန်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။

 

ယင်းအပြင် Continuous Trading အနေဖြင့် ကျပ်သန်း (၂၃၇၈ ဒသမ ၈၀) ပမာဏရှိသည့် ရှယ်ယာစောင်ရေ (၇၇၃,၄၆၂) အရောင်းအဝယ်ဖြစ်မှုနှင့် Block Trading အနေဖြင့် ကျပ်သန်း (၁၃၇၇ ဒသမ ၁၂) ပမာဏရှိသည့် ရှယ်ယာစောင်ရေ (၄၃၅,၀၀၀) အရောင်းအဝယ်ဖြစ်မှုတို့ ပါဝင်နေကြောင်း သိရသည်။

 

FMI ကုမ္ပဏီမှ ကျပ်သန်း (၁၇၀၂ ဒသမ ၆၂) ပမာဏရှိသည့် ရှယ်ယာစောင်ရေ (၁၉၆,၉၈၁) အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း ဒုတိယအများဆုံး စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ၊ ယင်းအပြင် ကျန်ရှိသည့် YSX စာရင်းဝင်ကုမ္ပဏီများထဲမှ ပထမပုဂ္ဂလိကဘဏ် (FPB) မှ ကျပ်သန်း (၁၀၆၅ ဒသမ ၃၂) ပမာဏရှိသည့် ရှယ်ယာစောင်ရေ (၅၆,၅၃၈) ၊ မြန်မာနိုင်ငံသားများဘဏ် (MCB) က ကျပ်သန်း (၄၀၄ ဒသမ ၇၄) ပမာဏရှိသည့် ရှယ်ယာစောင်ရေ (၅၁,၉၄၄) ၊ TMH တယ်လီကွန်းက ကျပ်သန်း (၂၀၆ ဒသမ ၅၅) ပမာဏရှိသည့် ရှယ်ယာစောင်ရေ (၇၇,၁၆၆) အသီးသီး အရောင်းအဝယ် ရှိခဲ့ကြောင်း သိရသည်။

 

ယင်းအပြင် ထောက်ပံ့ပိုဆောင်ရေးကုမ္ပဏီဖြစ်သည့် ထာဝရနဒီ (EFR) မှ ကျပ်သန်း (၁၀၃ ဒသမ ၃၃) ပမာဏရှိသည့် ရှယ်ယာစောင်ရေ (၃၈၈၃၄) နှင့် အများပိုင်ခရီးသွားကုမ္ပဏီ AMATA မှ ကျပ်သန်း (၁၈၅ ဒသမ ၈၁) ပမာဏရှိသည့် ရှယ်ယာစောင်ရေ (၃၇၅၅၉) အရောင်းအဝယ်ဖြစ်ခဲ့ပြီး ရှယ်ယာအရောင်းအဝယ် အနည်းဆုံး ကုမ္ပဏီများဖြစ်ခဲ့ကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group