#Local_News
Published_ 6 January 2023

 

အကောက်ခွန်ဦးစီးဌာနကအရေးယူဖမ်းဆီးရမိထားသော ပစ္စည်းများကို ဈေးပြိုင်စနစ်ဖြင့် လေလံခေါ်ယူနေကြောင်း ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက ထုတ်ပြန်သည်။

 

အဆိုပါ ပစ္စည်းများမှာ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်မှုဖြင့် သစ်၊ ယာဉ်၊ ယာဉ်ပိုပစ္စည်း၊ ဟမ်းဆက်ဖုန်းများ၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ အရက်၊ လူသုံးကုန်ပစ္စည်းများ စသည်တို့ကို နယ်စပ်၊ ပင်လယ်ရေကြောင်းတို့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းဖမ်းဆီးရမိသော ပစ္စည်းများထဲမှ အရက်၊ ပလပ်စတစ်ဖြတ်စ၊ Mattress Accessories၊ Leather Pieces၊ Us TV ၊ Recondition Copien Phone Battery၊ Oxygen Cocrcentraton Lubrizol ၊ ဂီတာကြိုး၊ အင်ဂျင်ဝိုင်၊ Mobile Phone မျိုးစုံနှင့် အထွေထွေကုန်ပစ္စည်းများကို ဈေးပြိုင်လေလံစနစ်ဖြင့် လေလံပစ်ရောင်းချသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယင်းကြောင့် စိတ်ပါဝင်စားသူများအနေဖြင့် လျှောက်လွှာဖောင်ပုံစံများ လေလံပစ္စည်းစာရင်းနှင့် ပူးတွဲ၍ မြန်မာငွေကျပ် ၅၀၀၀ ပေးသွင်းဝယ်ယူလျှောက်ထားနိုင်မည်ဖြစ်ကြောင်း၊ တင်ဒါလျှောက်လွှာများကို ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ ကွန်ကရစ်ကမ်းနားလမ်းရှိ အကောက်အခွန်ဦးစီးဌာန၏ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးဌာနခွဲအကောက် ခွန်(ကုန်လှောင်ရုံ)တွင် ဇန်နဝါရီ ၇ ရက် နံနက် ၁၀ နာရီမှ ရုံးချိန်အတွင်းဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

လေလံပုံစံဝယ်ယူပြီးသူများအား ဖေဖော်ဝါရီလ ၁ ရက်မှ ၃ ရက်ထိနံနက် ၁၀ နာရီမှ ညနေ ၄ နာရီအချိန် ပစ္စည်းများကိုပြသပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group