#Local_News
Published_ 5 January 2023

 

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့အနီး တွင်အင်အား(၄.၇)ရစ်တာစကေးအဆင့်ရှိ ငလျင်ထပ်လှုပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲမှ သိရသည်၊၊

 

၂၀၂၂ခုနှစ်အတွင်း စစ်ကိုင်းတိုင်းတွင်မြေငလျင်အများဆုံးလှုပ်ခတ်ခဲ့ပြီး ယခု၂၀၂၃တွင်လည်း စစ်ကိုင်းတိုင်းတွင် မြေငလျင်လှုပ်ခတ်မှုများရှိလာခြင်းဖြစ်သည်၊၊

 

ငလျင်နှင့်ပတ်သက်၍ ထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂)နာရီ၊ (၂၁)မိနစ်၊ (၂၅)စက္ကန့် အချိန်တွင် ကသာမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၈)မိုင် ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (အင်းတော်မြို့၏ မြောက်-အနောက်မြောက်ဘက် (၈)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၃၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၉) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိကြောင်းဖော်ပြထားသည်၊၊

 

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့ကလည်း ရခိုင်ပြည်နယ် (အမ်းမြို့၏ တောင်-အရှေ့တောင်ဘက် (၁၇)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၅၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၁၃)ဒီဂရီ၊ အနက် (၄၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားခဲ့ကြောင်းလည်း သိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group