#Local_News
Published_ 5 January 2023

 

အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်ရှိ ဈေးဝယ်စင်တာ Mart တစ်ခုတွင်ဈေးဝယ်နေစဉ်မူးမေ့လဲကျ၍ ဦးခေါင်းဒဏ်ရာရရှိခဲ့သည့်အမျိုးသမီး(၁)ဦးအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အင်းစိန်မြို့နယ်၊ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်၊၊

 

ဇန်နဝါရီလ (၃)ရက်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်ရှိ Mart တစ်ခုတွင်ဈေးဝယ်နေစဉ်မူးမေ့လဲကျ၍ ဦးခေါင်းဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်၊၊

 

အဆိုပါ အမျိုးသမီးအား အင်းစိန်မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဦးခေါင်းဒဏ်ရာရှေးဦးပြုစုနည်းအတိုင်း ရှေးဦးပြုစုဆောင်ရွက်ပေးပြီး အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ အသင်းခွဲပိုင်လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်၊၊

 

ကြက်ခြေနီစေတနာလုပ်အားရှင်များ အနေဖြင့် ထိခိုက်ဒဏ်ရာရသူ၊ အရေးပေါ်နဲ့ သာမန်အခြေအနေတွေမှာဆေးရုံသို့ အချိန်မီပို့ဆောင်ပေးရမည့်သူများကို ရှေးဦးပြုစုခြင်းနှင့်အရေးပေါ်လူနာတင်ယာဉ် ပို့ဆောင်ခြင်းများကို နေ့စဉ်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ထုတ်ပြန်ထားသည်၊၊

 

#ymg/tthl
#Yangon_Media_Group