#Local_News
Published_ 5 January 2022

 

မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ်လမ်းကြောင်း သုံးခုကို ဇန်နဝါရီ ၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်း ဒီဇင်ဘာ ၅ ရက်တွင် တရုတ်သံရုံးကထုတ်ပြန် ကြေညာထားပါတယ်။

 

စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှု၊ ပြည်သူလူနေမှုဘဝ အကျိုးစီးပွားများကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန်၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံက ဇန်နဝါရီ ၈ ရက်နေ့မှစ၍ တရုတ်-မြန်မာ နယ်စပ်ဂိတ်လမ်းကြောင်း ဖြစ်တဲ့ ရွှေလီနယ်စပ်ဂိတ် ကျယ်ဂေါင်နန်းတော်ဂိတ်၊ ကုန်ပစ္စည်းစခန်း၊ တရုတ်-မြန်မာဈေးစတဲ့ လမ်းကြောင်းသုံးခု၌ လူ၊ ကုန်ပစ္စည်း ဖြတ်သန်းသွားလာမှုကို ပြန်လည်ဖွင့်လှစ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ပြည်ဝင်ပြည်ထွက်တဲ့ ကုန်ပစ္စည်းယာဉ်များနှင့် မောင်းနှင်သူများဟာ ကုန်ပစ္စည်း စခန်းလမ်းကြောင်းမှ ဝင်ထွက်ရမှာဖြစ်ပြီး ပေကျင်းစံတော်ချိန် ၈ နာရီမှ ၂၃ နာရီ (ည ၁၁) အထိဖြစ်ပါတယ်။

 

အစိုးရဝန်ထမ်းနှင့် အတူလိုက်ပါတဲ့ ယာဉ်များသည် နန်းတော်ဂိတ်လမ်းကြောင်းမှ ဝင်ထွက်ရမည်ဖြစ်ပြီး ပေကျင်းစံတော်ချိန် ၈:၀၀ နာရီမှ -၂၁:၃၀ နာရီအထိ ဖြစ်ပါတယ်။

 

အခြားလူပုဂ္ဂိုလ်နဲ့ အသေးစားအိမ်စီးကား၊ နှစ်ဘီးဆိုင်ကယ်၊ အီလက်ထရောနစ် ဆိုင်ကယ်များမှာ တရုတ်-မြန်မာဈေးလမ်းကြောင်းမှ ဝင်ထွက်ရမှာဖြစ်ပြီး ပေကျင်း စံတော်ချိန် နံနက် ၈:၀၀ နာရီမှ -၂၁:၃၀ နာရီအထိဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

လက်ရှိတွင် တရုတ်နိုင်ငံရွှေလီနယ်စပ်ဂိတ် စီမံအုပ်ချုပ်သည့်ဌာနက နှစ်ဦးနှစ်ဖက် လူပုဂ္ဂိုလ်သွားလာမှု၊ ကုန်ပစ္စည်းဖြတ်သန်းမှု ပြန်လည်ဖွင့်လှစ်ရန်အတွက်ပြင်ဆင်မှုများ ဆောင်ရွက်နေတယ်လို ဖော်ပြထားပါတယ်။

 

#ygm_mnn
#Yangon_Media_Group