#Local_News
Published_5 January 2023

တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား ၄၈ ဦးကို ယနေ့(ဇန်နဝါရီလ ၅ ရက်)တွင် စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကထုတ်ပြန်ထားသည်။

 

အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်ဖြင့် Re-entry ကုန်ထုတ်လုပ်သား ၄၅ ဦး၊ Re-entry စိုက်ပျိုး/မွေးမြူရေး လုပ်သား ၃ ဦးကို ၂၀၂၃ ခုနှစ်အတွက် ပထမဦးဆုံး စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် မြန်မာလုပ်သား ၅၀,၀၀၀ နီးပါးတောင်ကိုရီးယားနိုင်ငံတွင်လုပ်ကိုင်နေကြောင်းလည်း သိရသည်။ တောင်ကိုရီးယားအစိုးရမှ ကိုဗစ်ကာလအလွန်တွင် မြန်မာအလုပ်သမားများကို တရားဝင်ပြန်လည်လက်ခံနေပြီး သြဂုတ်လတွင် ၁၂၉၃ ဦး၊ စက်တင်ဘာလတွင် ၉၇၈ ဦး၊ အောက်တိုဘာလတွင် ၁၁၆၉ ဦး၊ နိုဝင်ဘာလတွင် ၇၂၈ ဦး၊ ဒီဇင်ဘာလတွင် ၅၉၉ ဦးစေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ကိုဗစ်ကာလအလွန်နောက်ပိုင်းတွင် ပြည်ပသိုသွားရောက်လုပ်ကိုင်သူများပြားလာပြီး ထိုင်းနိုင်ငံသိုသွားရောက်သူဦးရေမှာ အများဆုံးဖြစ်ပြီး တရားမဝင်သွားရောက်သူမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group