Published 4 JKanuary 2023

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး ဥပစာမြက်ခင်းပြင်၌ ကျင်းပခဲ့ပါတယ်။

ဂုဏ်ပြညစာစားပွဲသို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြူကြူလှ၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချူပ်မှူးကြီးစိုးဝင်းနှင့်ဇနီးဒေါ်သန်းသန်းနွယ်၊နစကအဖွဲ့ဝင်တွေ၊  ဒုတိယသမ္မတ(ငြိမ်း) တွေဖြစ်ကြတဲ့ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊နိုင်ငံတော်အကြီးအကဲဟောင်းများရဲ့  မိသားစုဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေ၊  အငြိမ်းစားဗိုလ်ချုပ်ကြီးနှင့် ဒုတိယဗိုလ်ချုပ်ကြီးတွေ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တွေ၊ တပ်မတော် အရာရှိကြီးတွေ၊ တိုင်းမှူးတွေ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ နှင့်သံရုံးတာဝန်ခံတွေ၊ ဂုဏ်ထူးဆောင်ကောင် စစ်ဝင်တွေ၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသူတွေးNCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များမှ ကိုယ်စားလှယ်တွေနှင့် NCA စာချုပ် လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်းသားလက်ကိုင်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်တွေနှင့် ် အထူးဖိတ်ကြား ထားသည့် ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ညစာစားပွဲကျင်းပနေစဉ်အတွင်းမှာ ဆုရရှိခဲ့ကြတဲ့ ဂုဏ်ပြုယာဉ်တွေနှင့် လေထီးခုန်ဂုဏ်ပြုခဲ့ကြသူတွေဟာ ဆုတွေ လက်ခံရယူခဲ့ကြပါတယ်။

အဲဒီနောက် ဂုဏ်ပြညစာစားပွဲအပြီးမှာ ဗိုလ်ချူပ်မှူးကြီးနှင့်တက်ရောက်လာသူတွေဟာ လွတ်လပ်ရေးနေ့ဂုဏ်ပြု ပဒေသာကပွဲကို ဆက်လက်ကြည့်ရှုခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

-ymg/knl