#Local_News
Published_ 5 January 2023

 

၂၀၂၃ ခုနှစ် အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွင် လူနာများပြသနိုင်ရန်အချိန်ဇယားအသစ်ထုတ်ပြန်လိုက်ကြောင်းသိရသည်၊၊

 

အဆိုပါအချိန်ဇယားအသစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနအချိန်ဇယား(၁)၊(၂)ဆိုပြီး နှစ်မျိုးထုတ်ပြန်ထားသည်၊၊

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနအချိန်ဇယား (၁)တွင် တနင်္လာနေ့မှသောကြာနေ့အထိ နေ့အလိုက်ကုသနိုင်မည့်ဝေဒနာရှင်များကိုဖော်ပြထားပြီး တနင်္လာနေ့တွင်ခွဲစိတ်ဆောင်(၁)၊ ဆေးကုသဆောင်(၁)၊ အစာအိမ်နှင့်အူလမ်းကြောင်းဌာန၊ နှလုံးဆေးကုသဌာန၊ သွေးရောဂါဌာနပြသနေသူများ မနက်(၈)နာရီမှ(၁၂)နာရီအတွင်းပြသနိုင်ပြီး နေ့လည်(၁)နာရီမှ(၃)နာရီအထိ နှလုံးသွေးကြောခွဲစိတ်ကုဌာန၊ မှတ်ဉာဏ်လျော့ပြင်ပဌာနစသည်ဖြင့် ပြသနိုင်မည်ဖြစ်သည်၊၊

 

ကျန်နေ့ရက်များတွင်လည်းကုသနိုင်မည့် ဌာနနှင့် သတ်မှတ်အချိန်များကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ Yangon General Hospital Page တွင် အသေးစိတ်ဖော်ပြထားသည်၊၊

 

ယင်းအပြင် သက်ဆိုင်ရာလူနာဆောင်များတွင်သွားရောက်ပြသရမည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနအချိန်ဇယား (၂)တွင်လည်း ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသဌာန၊ ကင်ဆာရောဂါဓာတ်ရောင်ခြည်ကုသဌာန၊ ကင်ဆာရောဂါဆေးသွင်းကုသဌာန၊အကြောအဆစ်ရောဂါဌာန၊ သွား၊ အရေပြား၊ အဏုမြူရောင်ခြည်စသည့်ဌာနများတွင့် နေ့အလိုက်အချိန်အလိုက်ကုသနိုင်မည့် အချိန်ဇယားများကို ဖော်ပြထားကြောင်း သိရသည်၊၊

#ymg/tthl
#Yangon_Media_Group