#Local_News
Published_ 3 January 2023

 

၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တစ်ကျပ်သားနှင့် ငါးမူးသား ရွှေဒင်္ဂါးပြားတွေကို သွန်းလောင်းပြီး ထုတ်ဝေသွားမည်ဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

 

လာမည့် ဇန်နဝါရီလ ၄ ရက်တွင် တစ်ကျပ်သားနှင့် ငါးမူးသားရွှေဒင်္ဂါးများကို အသစ်သွန်းလောင်း ထုတ်ဝေကာ အများပြည်သူကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အသစ်သွန်းလောင်းထုတ်ဝေသွားမည့် ရွှေဒင်္ဂါးများကို ရန်ကုန်၊ နေပြည်တော်နှင့်မန္တလေးတို့ရှိ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းများ၏ အရောင်းဆိုင်များတွင် ဇန်နဝါရီလ ၅ ရက်မှစတင်ပြီး ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အသစ်သွန်းလောင်းမည့် ရွှေဒင်္ဂါး၏အလယ်ဗဟိုတွင် ဆင်ဖြူတော်ပုံပါရှိပြီး "၇၅ နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့" ဆိုသည့် စာသား ရေးထိုးထားမည်ဖြစ်ကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group