#Local_News
Published_ 3 January 2023

 

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် သံရွာအနီး တည်ဆောက်နေသည့် တောင်တော်ကွင်းနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း ပြီးစီးသွားပြီဖြစ်ကြောင်း Green Power Energy က သတင်းထုတ်ပြန်ထားသည်၊၊

 

အဆိုပါ စီမံကိန်းအတွင်း ဆိုလာပြား (၄၅,၉၈၀) တပ်ဆင်အသုံးပြုထားပြီး ယင်းမှ နေရောင်ခြည်စွမ်းအင်ထုတ်ယူသည့် photovoltaic (PV) စွမ်းအင်ကို အမြင့်ဆုံးရရှိစေရန် နေရောင်ခြင်နှင့်ခြေရာခံသည့် စနစ် အသုံးပြုထားကြောင်း ဖော်ပြထားသည်၊၊

 

တစ်နှစ်ကို လျှပ်စစ်ဓာတ်အား (၂၅) မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ယင်းမှထွက်ရှိလာသည့်လျှပ်စစ်ဓာတ်အားတွေကို (၃၃)ကေဗွီ ကောင်းကင်ဓာတ်အားလိုင်းနှင့် (၁၃၂) ကေဗွီ တောင်တော်ကွင်းဓာတ်အားရုံမှ တစ်ဆင့်နိုင်ငံတော်ဓာတ်အားစနစ်ထဲသို့ ပို့လွှတ်ဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်၊၊

 

နိုင်ငံတော်မှ ဖိတ်ခေါ်နေသည့် ဆိုလာစီမံကိန်းများတွင် လုပ်ကိုင်ခွင့်ရသူတွေအတွက် သက်သာခွင့်ကာလကို စီးပှားဖြစ်လုပ်ငန်းစတင်ချိန်မှ နှစ် (၂၀) အထိ ခံစားခွင့်ရရှိထားပြီးသင့်တင့်မျှတသည့် စံသတ်မှတ်ဈးနှုန်းနှင့်လျှပ်စစ်ဓာတ်အားများကို ဝယ်ယူသွားမည်ဖြစ်ကြောင်း တရားဝင်အသိပေးကြေညာထားသည်၊၊

 

#ymg/sth
#Yangon_Media_Group