#Local_News
Published_ 3 January 2023

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ နန္ဒဝန်ရပ်ကွက်တွင် ယနေ့ ဇန်နဝါရီလ ၃ ရက် နံနက် ၁ နာရီကျော်အချိန်ခန့်က နေအိမ်တစ်လုံးမီးလောင်၍ လူ ၂ဦးသေဆုံးသွားကြောင်း သုခကာရီကျန်းမာရေးနှင့်လူမှုကူညီရေးအသင်းက သိရသည်။

 

အဆိုပါ မီးလောင်မှု ဖြစ်ပွားရာနေရာသို့ စစ်ကိုင်းခရိုင်မီးသတ်တပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ နယ်မြေမီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီကယ်ဆယ်ရေးအသင်းများကသွားရောက်ငြိမ်းသတ်ခဲ့ရကြောင်း၊ နေအိမ်အပေါ်ထပ်မှမီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး မိသားစုဝင် ၅ ဦးအနက် အမျိုးသား၂ဦးမှာ မီးဘေးသင့်သေဆုံးခဲ့ကာ နေအိမ်တစ်ခုလုံးလည်း ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။


အသက်ဆုံးရှုံးသွားသည့် အမျိုးသား၂ ဦး၏ ရုပ်အလောင်းကို သုခကာရီကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းကားဖြင့် စစ်ကိုင်းကုတင်၂၀၀ဆံ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group