#Local_News
Published_ 3 January 2023

 

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တွင် အသက်(၁၄)နှစ်သာရှိသေးသည့် လူငယ်အား ငါးဖမ်းစက်လှေပေါ်တွင် အဓမ္မခိုင်းစေခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများပြုလုပ်သူကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ (၂၄)အရထောင်ဒဏ် (၁၀)နှစ်ချမှတ်လိုက်ကြောင်း သိရသည်၊၊

 

အသက်မပြည့်သေးသည့် အမျိုးသားတစ်ဦးအား အဓမ္မလုပ်အားခိုင်းစေ၍ ညှင်းပန်းနှိပ်စက်သူကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ၁၀ နှစ်ချခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ကွန်ဒိုင်းကျေးရွာနေ ရေလုပ်ငန်းရှင် ဦးမောင်မောင်ကြည်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နေ မောင် ----၊ ၁၄ နှစ်ကို ငါးဖမ်းစက်လှေပေါ်တွင် အဓမ္မလုပ်အားခိုင်းစေခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ကျုံကဒွန်းနယ်မြေရဲစခန်း၊ (ပ) ၁၃၁/ ၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ (၂၄) ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ဖျာပုံခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ (၃၁) ရက်တွင် တရားခံ ဦးမောင်မောင်ကြည် ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ (၂၄)အရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ရေးသားဖော်ပြထားကြောင်း သိရသည်။

 

#ymg/tthl
#Yangon_Media_Group