#Local_News
Published_3 January 2023

 

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ စက်မှု (၁) လမ်းတွင်ရှိသည့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို တစ်ပတ်ကြာပိတ်ထားမည်ဖြစ်ကြောင်းသိရသည်။

 

အဆိုပါ ရုံးတွင် နည်းပညာအဆင့်မြှင့်တင်ရေးဆောင်ရွက်မည်ဖြစ်သည့်အတွက် နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးမှုကို ရပ်နားမည်ဖြစ်ကြောင်း အသိပေးကြေညာထားခြင်းဖြစ်သည်။

 

အွန်လိုင်းတုံကင် QR စနစ်ကို အဆင့်မြှင့်တင်ရန်အတွက် လုပ်ဆောင်နေပြီး ဇန်နဝါရီလ ပထမအပတ် တစ်ပတ်လုံး ရုံးပိတ်ထားမည်ဖြစ်ကြောင်း၊ အွန်လိုင်းတုံတကင်စနစ် အဆင့်မြှင့်တင်ပြီးပါက ဇန်နဝါရီလ ဒုတိယအပတ်တွင် ရုံးပြန်ဖွင့်မည်ဖြစ်ကြောင်း သိရသည်။

 

အွန်လိုင်းမှတစ်ဆင့် ကြိုတင်တုံကင်ယူသည့်စနစ်ကို ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ရပ်နားထားခြင်းဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် ဒီဇင်ဘာလ ၅ ရက်နေ့ နောက်ပိုင်း ကြိုတင်တုံကင်ယူထားသူကိုသာ နိုင်ငံကူးလက်မှတ်များ ပြုလုပ်ပေးခဲ့ပြီး ဇန်နဝါရီလ ၂ ရက်မှစတင်ကာ ရုံးကိုပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group