#Local_News
Published_ 2 January 2023

 

တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် လာမည့် လွတ်လပ်ရေးနေ့တွင် မြန်မာလုပ်သား ၅၀ ဦးကို စေလွှတ်သွားမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)ဆီမှ အသိပေးထုတ်ပြန်ထားသည်။

 

တောင်ကိုရီးယားနိုင်ငံသို့ ၂၀၂၃ ခုနှစ်အတွက် ပထမဆုံးအနေဖြင့် စေလွှတ်မည့် အလုပ်သမားများဖြစ်ကြောင်း၊ ယင်းအပြင်စေလွှတ်မည့် အလုပ်သမား ၅၀ဦးသည် တောင်ကိုရီးယားနိုင်ငံတွင် လုပ်ကိုင်ခဲ့ဖူးသည့် လုပ်သားဟောင်း(Re-entry) များဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် မြန်မာလုပ်သား ၅၀,၀၀၀ နီးပါးတောင်ကိုရီးယားနိုင်ငံတွင်လုပ်ကိုင်နေကြောင်းလည်း သိရသည်။ တောင်ကိုရီးယားအစိုးရမှ ကိုဗစ်ကာလအလွန်တွင် မြန်မာအလုပ်သမားများကို တရားဝင်ပြန်လည်လက်ခံနေပြီး သြဂုတ်လတွင် ၁၂၉၃ ဦး၊ စက်တင်ဘာလတွင် ၉၇၈ ဦး၊ အောက်တိုဘာလတွင် ၁၁၆၉ ဦး၊ နိုဝင်ဘာလတွင် ၇၂၈ ဦး၊ ဒီဇင်ဘာလတွင် ၅၉၉ ဦးစေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ကိုဗစ်ကာလအလွန်နောက်ပိုင်းတွင် ပြည်ပသို့သွားရောက်လုပ်ကိုင်သူများပြားလာပြီး ထိုင်းနိုင်ငံသို့သွားရောက်သူဦးရေမှာ အများဆုံးဖြစ်ပြီး တရားမဝင်သွားရောက်သူမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group