#Local_News
Published_ 2 January 2023

 

အွန်လိုင်း Page များမှ တစ်ဆင့်အစားအသောက်များကို ဝယ်ယူရာတွင် ငွေပေးချေပြီးနောက်လိမ်လည်မှုများဖြစ်နေသဖြင့်Online Shopping ဝယ်ယူခြင်းမပြုမီ စစ်ဆေးရန် စားသုံးသူရေးရာဦးစီးဌာနက အသိပေးချက်ထုတ်ပြန်လိုက်သည်၊၊

 

ထုတ်ပြန်ချက်တွင် စားသုံးသူပြည်သူများ အနေဖြင့် Online Shopping ရောင်းဝယ်မှုများတွင် အမျိုးမျိုးသော လိမ်လည်မှုများကို ရင်ဆိုင်ကြုံတွေ့ရသည့် အချက်များနှင့် Online Shopping ဝယ်ယူခြင်းမပြုမီ သတိပြုစိစစ်ရမည့်အချက်များအား အသိပေးတင်ပြထားသည်၊၊

 

စာသုံးသူများအနေဖြင့် မိမိဝယ်ယူသည့် Online Shopping Pageတွင် ဆက်သွယ်ရန်လိပ်စာမှာ လက်တွေ့မြေပြင်တွင်ရှိမရှိ၊ မိမိဝယ်ယူသည့် Page သည် စားသုံးသူအများစုဝယ်ယူခြင်းရှိမရှိ၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက ခွင့်ပြုထားခြင်းရှိမရှိ၊ လုံခြုံစိတ်ချရသောငွေပေးချေမှုစနစ်ဖြင့် ဆောင်ရွက်နေသော လုပ်ငန်းဟုတ်မဟုတ်၊ ယုံကြည်စိတ်ချရသော Online Shop Platform များဖြင့် ချိတ်ဆက်ထားခြင်း ရှိမရှိ၊Face Bookတွင် Blue Mark ရရှိထားခြင်းရှိမရှိ၊ သုံးစွဲသူစားသုံးသူများ၏ Review များရှိ မရှိကြည့်ရူဝယ်ယူနိုင်ကြောင်း သိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group