#Local_News
Published_ 2 January 2023

(၄၆)ကြိမ်မြောက် အောင်ဘာလေသိန်း(၅၀၀၀)ထီဆုကြီးကို ပရဟိတသမားတစ်ဦးဖြစ်သည့် ပုဗ္ဗတွဲလက်များလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ကိုဟိန်းမင်းဝင်းမှ ဆွတ်ခူးခဲ့ကြောင်း သိရသည်၊၊

 

ဒါနှင့်ပတ်သက်၍ ကိုဟိန်းမင်းဝင်းမှ YMG ကို"ထီသိန်း(၅၀၀၀)ဆုက ကျွန်တော်တစ်ယောက်တည်း ပေါက်တာတော့မဟုတ်ဘူး၊၊ ကျွန်တော့်အသင်းက ညီမတစ်ယောက်နဲ့ တစ်ယောက်တစ်ဝက်ပေါက်တာဆိုတော့ တစ်ယောက်တစ်ဝက်ခွဲယူတယ်ပေါ့၊၊ ထီပေါက်သွားတဲ့အတွက် အများအတွက်လှူဒါန်းမှုများရှေ့ဆက်ပြီးတော့ ပိုမိုလုပ်ကိုင်နိုင်မှာဖြစ်ပါတယ်၊၊ အသင်းမှာလိုအပ်နေတဲ့ လူနာတင်ယာဉ်နှစ်စီးဝယ်ပြီး အားဖြည့်ဖို့နဲ့ နာမကျန်းတဲ့သူတွေကိုလှူဒါန်းသွားဖို့ရှိတယ်"လို့ ပြောပြထားသည်၊၊

 

ကျပ်သိန်းငါးထောင် အထူးဆုကြီးကိုတော့ အေးငြိမ်းချမ်းသာထီဆိုင်ကနေပေါက်ခဲ့တာဖြစ်ပြီးရရှိလာသည့် ဆုကြေးငွေဖြင့် ပုဗ္ဗတွဲလက်များလူမှုကူညီရေးအသင်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group