#Local_News
Published_ 2 January 2023

 

YBS အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်း-ကော့မှူး-တွံတေး-ဒလ ခရီးစဉ်သစ်ကို ဇန်နဝါရီလ ၁ ရက်က စတင်ပြေးဆွဲခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC) က သိရသည်။

 

အဆိုပါ ယာဉ်လိုင်းသစ်ကို စံဝေလအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က ပြေးဆွဲခြင်းဖြစ်ပြီး City Bus ၄ စီးဖြင့် နံနက် ၆နာရီခွဲတွင် ၁ စီး၊ နံနက် ၇နာရီတွင် ၁ စီး၊ နံနက် ၇နာရီခွဲတွင် ၁ စီး၊ နံနက် ၈နာရီတွင် ၁ စီး ပြေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းယာဉ်လိုင်း ပြေးဆွဲခြင်း အခမ်းအနားကို ဇန်ဝါရီလ ၁ ရက်ကပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း တွံတေး-ဒလခရီးစဉ်နှင့် တွံ့တေး-လှိုင်သာယာခရီးစဉ်တို့ကို စံဝေလအများနှင့် သက်ဆိုင်သည့်ကုမ္ပဏီလီမိတက်က ပြေးဆွဲခဲ့သေးကြောင်း သိရသည်။

#ymg/mt
#Yangon_Media_Group