#Local_News
Published_ 2 January 2023

 

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် လက်ရှိအချိန်ထိ ဝင်ခွင့်လျှောက်ထားသူဦးရေမှာ ၁၇၀၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

 

အဆိုပါ စာမေးပွဲကို လာမည့် မတ်လ ၈ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပြီး ၂၀၂၃ ခုနှစ်၏ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် အချိန်စာရင်းကိုလည်း အသိပေး ထုတ်ပြန်ကြေညာထားသည်။

 

“ လျှောက်လွှာတွေကတော့ ခုချိန်ထိ လက်ခံနေပါတယ်။ မပိတ်သေးဘူး။ လက်ရှိအထိကို ၁၇၀၀၀၀ ကျော်လောက်ရှိပါတယ်”ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန့်က ပြောသည်။

 

လာမည့်မတ်လ ၈ ရက်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၏ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုရမည်ဖြစ်ပြီး မတ်လ ၈ ရက်မှ ၁၈ ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းသုံးသိန်းကျော် ဝင်ရောက်ဖြေဆိုရန်ရှိနေကြောင်း သိရသည်။

 

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူ ၂၈၁,၇၅၁ ဦး ရှိပြီး အောင်မြင်သူ ၁၃၂,၀၇၇ ဦးရှိကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ချက် ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

 

#ymg/sth
#Yangon_Media_Group