#Local_News
Published_ 2 January 2023

 

ဇန်နဝါရီလတွင် စစ်ကိုင်း၊ ကချင် ရှမ်းနှင့်မွန်ဒေသများတွင် မြူကျရက် ပိုများနိုင်ပြီး ဇန်နဝါရီတစ်လလုံးတွင် မြူကျရက် ၁၈ ရက်မှ ၂၅ ရက်အထိရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်၊၊

 

အဆိုပါ မြူကျရက်များကို၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလလပတ်အတွက် မိုးလေဝသခန့်မှန်းချက်တွင် ထုတ်ပြန်ဖော်ပြထားခြင်းဖြစ်သည်၊၊

 

ဇန်နဝါရီလ ပထမဆယ်ရက်တာကာလအတွင်း ခန့်မှန်းချက်၌ တနင်္သာရီတိုင်းဒေသကြီးတွင် ဇန်နဝါရီလပျမ်းမျှအပူချိန်၏ (၁.၅)ဒီဂရီစင်တီဂရိတ်နှင့်အောက်(သို့မဟုတ်) ၃၅ ဒီဂရီဖာရင်ဟိုက်နှင့် အောက်လျောနည်းနိုင်သဖြင့် ပုံမှန်ထက်ပိုအေးနိုင်မည် ဖြစ်သည်၊၊

 

ဇန်နဝါရီတစ်လတာအတွင်း မြူအခြေအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် ၁၈ ရက်မှ ၂၅ ရက်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တိုတွင် (၁၀)ရက်မှ (၁၇)ရက်ခန့်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ၂ရက်မှ (၉)ရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၊၊

 

#ymg/tthl
#Yangon_Media_Group