#Local_News
Published_30 December 2022

 

ထိုင်းနိုင်ငံ၌ ပြစ်ဒဏ်ကျခံပြီး မြန်မာလုပ်သား ၂၀၀ ကျော်မှာ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်တွင် ပြည်တော်ပြန်ခွင့်ရကြပြီဖြစ်ကြောင်း သိရသည်။

 

ယင်းတို့မှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရသူများဖြစ်ပြီး ကလေးငယ် ၉ ဦး ၊ ရွှေ့ပြောင်းလုပ်သား ၂၀၀ ဦး တို့ ပါဝင်ကြောင်း ၊ ထိုင်းနိုင်ငံ ရနောင်းမြို့ကတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ စက်တပ်လှေများဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမား သံအရာရှိရုံးက သိရသည်။

 

"ဒီနေ့ပို့တဲ့အထဲမှာ မိန်းကလေး(ကလေး) ၃ ယောက်၊ ယောင်္ကျားလေး (ကလေး) ၆ယောက်ပါတယ်။ ပြီးတော့ အမျိုးသမီး အယောက် ၆၀ ၊ အမျိုးသား ၁၄၀ ပါ။ ထုံးစံအတိုင်းပါပဲ။ ကိုဗစ်စစ်ဆေးပြီး ကိုယ်ရေးအချက်အလက်စစ်တာတွေ အသိပညာပေးတာတွေပြုလုပ်ပြီးမှ သူတို့ကို Q စင်တာမှာ ထားပါတယ်"ဟု သံအရာရှိရုံး နှင့် နီးစပ်သူက ပြောသည်။

 

လက်ရှိ ဒီဇင်ဘာလအတွင်းတွင် ထိုင်းနိုင်ငံ ရနောင်းအချုပ်က မြန်မာနိုင်ငံကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၃၈၇ ဦးရှိပြီ ဖြစ်ကြောင်းလည်း သိရသည်။

#ymg/mt
#Yangon_Media_Group