#Local_News
Published_30 December 2022

 

တောင်ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် ဒီဇင်ဘာလအတွင်း မြန်မာအလုပ်သမား ၅၀၀ ကျော်ကို စေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည့် စာရင်းများအရသိရသည်။

 

ဒီဇင်ဘာလ ၈ ရက်တွင် ကုန်ထုတ်လုပ်သားသစ် (၄၈) ဦး၊ CBT ကုန်ထုတ်လုပ်သား (၁၄) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၂၁) ဦး၊ Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား (၄) ဦး၊ စုစုပေါင်း (၈၇) ဦး၊ ဒီဇင်ဘာ ၁၃ ရက်တွင် ကုန်ထုတ်လုပ်သားသစ် (၁၂၆) ဦး၊ Re-Entry ကုန်ထုတ်လုပ်သား (၁၃) ဦး၊ Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား (၉) ဦးစုစုပေါင်း (၁၄၈) ဦး၊ ဒီဇင်ဘာ ၁၅ ရက်တွင် Re-Entry ကုန်ထုတ်လုပ်သား (၃၆) ဦး၊ ဒီဇင်ဘာ ၂၀ ရက်တွင် Regular ကုန်ထုတ်လုပ်သား(၉၀)ဦး ၊ CBT ကုန်ထုတ်လုပ်သား (၇) ဦး၊ Re-Entry ကုန်ထုတ်လုပ်သား (၁၃) ဦး၊ စုစုပေါင်း (၁၁၀) ဦး၊ ဒီဇင်ဘာ ၂၂ ရက်တွင် Re-Entry ကုန်ထုတ်လုပ်သား (၆၆) ဦး၊ Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား (၂) ဦး စုစုပေါင်း ၆၈ ဦး၊ ဒီဇင်ဘာ (၂၇) ရက်တွင် ကုန်ထုတ်လုပ်သားသစ် (၄၇) ဦး၊ CBT ကုန်ထုတ်လုပ်သား (၆) ဦး၊ Re-Entry ကုန်ထုတ်လုပ်သား (၂၁) ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် (၇၆) ဦးစုစုပေါင်း (၁၅၀) ဦး ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် လုပ်သားစေလွှတ်မှု ဒီဇင်ဘာလ ၂၇ ရက်အထိ မြန်မာလုပ်သား ၅၉၉ ဦးကိုစေလွှတ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ တောင်ကိုရီးယားအစိုးရမှ မြန်မာလုပ်သားများကို ပြန်လည်လက်ခံပြီးနောက် သြဂုတ်လတွင် ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်သည်။

 

ယင်းအပြင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ကိုရီးယားသမ္မတနိုင်ငံသ့ိ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား ၇၂၈ ဦးကို စေလွှတ်ခဲ့ကြောင်းလည်း သိရသည်။

 

#ymg/sth
#Yangon_Media_Group