#Local_News
Published_ 28 December 2022

 

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် မြက်ရိတ်ကျွန်းကျေးရွာအနီးတွင် စက်လှေတိမ်းမှောက်ရာမှ ရေနစ်ပျောက်ဆုံးနေသော အသက် ၁၈ နှစ်အရွယ်အမျိုးသမီးငယ်ကို ရုပ်အလောင်းသာ တွေ့ရှိခဲ့ကြောင်း မေတ္တာရောင်ခြည် ဖောင်ဒေးရှင်းအရေးပေါ်လူမှုကူညီရေးနှင့်သွေးလှူရှင်များအသင်းက သိရသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်က ရေနစ်မြုပ်ပျောက်ဆုံးနေခဲ့ခြင်းဖြစ်ပြီး ရုပ်အလောင်းကို ဒီဇင်ဘာလ ၂၇ ရက်ညနေပိုင်း ၆ နာရီခွဲ ခန့်က ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အမျိုးသမီးငယ်မှာ မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်မှ မစိုးစိုးဆန်း(ခေါ်) ပုစုချေ ဖြစ်ပြီး သူငယ်ချင်းများနှင့် လေးမြို့သို့ အသွား မြစ်အတွင်း စက်လှေတိမ်းမှောက်ရာ မစိုးစိုးသန်း အပါအဝင် ၉ ဦး အနက် ၎င်းမှာ ရေနစ်ရာက ပျောက်ဆုံးကာ အထက်ပါအတိုင်း အလောင်းသာ ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယခုအခါ သေဆုံး၏ ရုပ်အလောင်းကို မြောက်ဦးမြို့နယ် ဆေးရုံ၏ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်းနှင့် စစ်ဆေးမှုများပြီးစီးမှသာ သင်္ဂြိုဟ်ကြမည် ဖြစ်ကြောင်း သိရသည်။

#ymg/mt
#Yangon_Media_Group