#Local_News
Published_ 28 December 2022

 

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ သပိတ်ကုန်းကွေ့တွင် ယမန်နေ့ ည ၁၁ အချိန်ခန့်က ကိုယ်ပိုင်ယာဉ်တစ်စီး လမ်းဘေးရှိသစ်ပင်အားဝင်တိုက်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကာ ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း လှည်းကူးမြို့နယ်အခြေစိုက် လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

 

သေဆုံးသူမှာ သက် (၃၅) နှစ် ဝန်းကျင်းအရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး၊ မဂ်လာဒုံပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ထားရှိကြောင်း သိရသည်။

 

"ကားပေါ်မှာသူတစ်ဉီးတည်းပါ ပါတယ်။ ဖြစ်စဉ်သိရတာနဲ့သွားတဲ့အခါမှာ မီးလောင်သေဆုံးနေလို့ ကျွန်တော်တို့ မဂ်လာဒုံဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ ဘယ်လိုဖြစ်တယ်ဆိုတာတော့ ကျွန်တော်တို့လည်းမသိရပါဘူး"ဟု လှည်းကူးလူမှုကူညီရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောသည်။

 

အဆိုပါ ကားမီးလောင်ကျွမ်းမှုကို လှည်းကူးမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ထွက်ခွာငြိမ်းသတ်မှုကြောင့် ည ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်းသွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

 

#ymg/myn
#Yangon_Media_Group