#Local_News
Published-28 December 2022

 

ယနေ့ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ၉၂ တစ်လီတာ ၂၀၀၀ အထက်ပြန်လည်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။

 

ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၁၉၇၀ ကျပ်၊ ၉၅ တစ်လီတာ ၂၀၅၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၃၀၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၃၈၀ ကျပ်ဖြစ်ပြီး ယနေ့တွင် ၉၂ တစ်လီတာ ၂၀၃၀ ကျပ်၊ ၉၅ တစ်လီတာ ၂၁၀၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၄၁၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၄၉၅ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံအနေဖြင့် နေ့စဉ်စက်သုံးဆီရည်ညွှန်းဈေးများကို စင်ကာပူ (MOPS) ဈေးနှုန်းအပေါ် အခြေခံပြီး တွက်ချက်ခြင်း ဖြစ်သောကြောင့် (MOPS) ဈေးကျဆင်းလျှင် ပြည်တွင်းစက်သုံးဆီ ဈေး ကျဆင်းပြီး (MOPS) ဈေးတက်လျှင် ပြည်တွင်းစက်သုံးဆီ ဈေးတက်ကြောင်း သိရသည်။

 

ယခုလအတွင်း စက်သုံးဆီဈေးနှုန်းမှာ အတက်အကျမမှန်သည့်အတွက် အဓိက အငှားယာဉ်မောင်းများအနေဖြင့် အခက်အခဲများရှိနေကြောင်း သိရသည်။

 

ရန်ကုန်၊ မန္တလေးအပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။

 

#ymg/sth
#Yangon_Media_Group