#Local_News
Published_ 26 December 2022

 

ကရင်နှစ်သစ်ကူးနှင့် ခရစ္စမတ်ပိတ်ရက်များဆက်နေသည့်အတွက် ကျိုက်ထီးရိုးစေတီတော်ကြီးသို့ ဘုရားဖူးလာရောက်မှုများပြားပြီး ခရစ္စမတ်ပိတ်ရက်ကာလတွင် ဘုရားဖူး(၄၆၀၀)ကျော် လာရောက်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်၊၊

 

ကျိုက်ထီးရိုးစေတီတော်ကြီးသို့ ဒီဇင်ဘာလလ(၂၅)ရက် ခရစ္စမတ်မတိုင်မီရက်များကတစ်ရက်ကိုဘုရားဖူး(၂၀၀၀)ကျော်နှင့် ခရစ္စမတ်မတိုင်မီတစ်ရက်အလိုတွင်တစ်ရက်ကို ဘုရားဖူး(၄၆၀၀)ကျော်နှင့် ဒီဇင်ဘာလလ(၂၅) ရက်ခရစ္စမတ်ပိတ်ရက်နေ့တွင် (၁၉၀၀)ကျော်လာရောက်သည်ဟု ကျိုက်ထီးရိုးဂေါပကအဖွဲ့၏ ပြောပြချက်အရ သိရသည်၊၊

 

ကျိုက်ထီးရိုးစေတီတော်ကြီးကို နှစ်စဉ်ပွင့်လင်းရာသီဖြစ်သည့် ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် ပြည်တွင်း၊ ပြည်ပဘုရားဖူးဧည့်သည်များ အများဆုံးလာရောက်လေ့ရှိသည်ဟု ဆိုသည်၊၊

 

ကိုဗစ်ဖြစ်ပွားမှုများကြောင့်လည်းကောင်း၊ မိုးရာသီကာလ ဧည့်အဝင်နည်းတာကြောင့်လည်းကောင်း၊ လုံခြုံရေးအခြေအနေများကြောင့်လည်းကောင်း ကျိုက်ထီးရိုးစေတီတော်ကြီးသို့လာရောက်သူနည်းပါးခဲ့ပြီး ယခုချိန်တွင် ပိတ်ရက်ဆက်သည့်အတွက် လာရောက်သူ ပုံမှန်ရှိခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group