#Local_News
Published_ 26 December 2022

 

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဝက်ကုန်းရပ်ရှိ နေအိမ်တစ်အိမ်အတွင်း အသက် (၆၀) အရွယ် အမျိုးသမီးတစ်ဦးအား သနပ်ခါးတုံးဖြင့်ထုသတ်၍ ရွှေဆွဲကြိုးလုယက်ခံရသည့် ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီရမိထားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

 

ယင်း ဖြစ်စဉ်သည် ဒီဇင်ဘာ ၂၂ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ပြစ်မှုကျူးလွန်သူနှစ်ဉီးကို ဒီဇင်ဘာ ၂၄ ရက် ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ခြင်းလည်းဖြစ်သည်။

 

ပြစ်မှုကျူးလွန်သူများ ယူဆောင်သွားသည့် သက်သေခံရွှေထည်ပစ္စည်းနင့် ဆက်စပ်ပစ္စည်းများကို ယမန်နေ့ ဒီဇင်ဘာ ၂၅ ရက်တွင် ရဲတပ်ဖွဲ့က ရှာဖွေသိမ်းဆည်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ပြစ်မှုကျူးလွန်သူများ၏ ထွက်ဆိုချက်အရ အခင်းဖြစ်နေအိမ်အား ငွေကြေးကိစ္စဖြင့် မကြာခဏရောက်ကြောင်း၊ အိမ်ရှင်(သေဆုံးသူ)၏ ဝတ်ဆင်ထားသော ရွှေဆွဲကြိုးကို လုယူရန်ကြံစည်ခဲ့ကြောင်း၊ အခင်းဖြစ်နေ့က သေဆုံးသူတစ်ဦးတည်းရှိနေစဉ် ဆွဲကြိုးကိုဆွဲဖြတ်ရာ လူမှတ်မိသွား၍ အသက်သေသည်အထိ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

အမှုအတွက် အမရပူရမြို့နယ်ရဲစခန်းက အမှုဖွင့်လှစ်အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

 

#ymg/myn
#Yangon_Media_Group