#Local_News
Published_ 26 December 2022

 

မိုင်းဖုန်းဆရာတော်ဘုရားကြီး၏ သက်တော် ၆၀ ပြည့် ဝိဇာတမွေးနေ့မဂ်လာပွဲကို တာချီလိတ်မြို့ မိုင်းဖုန်းသာသနာ့နယ်မြေ လွန်းလိန်းကျောင်းတိုက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးတာဝန်ခံတစ်ဉီးဖြစ်သူ ဉီးစိုင်းလာက YMG သို့ ပြောသည်။

 

အဆိုပါ ဝိဇာတမွေးနေ့မဂ်လာပွဲအား ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၅ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

 

ထို့အပြင် ဇန်နဝါရီ ၆ ရက်၌ ဗုဒ္ဓဂါယာရှိပုံစံတူ စေတီတည်ဆောက်နေမှုအတွက်ထီးတော်တင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဆိုသည်။

 

"ဆရာတော့် ကျန်းမာရေးကောင်းပါတယ်။ လက်ရှိတော့ ကျောင်းမှာဘဲ သီတင်းသုံးနေပါတယ်။ မွေးနေ့ပွဲအတွင်း တရားပွဲကိုပါ ထည့်သွင်းကျင်းပသွားမှာပါ"ဟု ဆိုသည်။

 

မွေးနေ့ပွဲကာလအတွင်း အနယ်နယ်အရပ်ရပ်မှ စတုဒီတာလာရောက် ကျွေးမွေးခြင်း လှူဒါန်းခြင်းများရှိမည်ဖြစ်ပြီး၊ အဆိုပါ ရက်၌ လွန်းလိန်းနယ်မြေအတွင်း စာဂပေးကမ်းလှူဒါန်းခြင်းကိစ္စရပ်များကိုသာ ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကာအခကြေးငွေဖြင့် စျေးရောင်းချခြင်းများကို လုံးဝတားမြစ်ထားရှိကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီက အသိပေးထားသည်။

 

ထို့အပြင် ဆရာတော်ကြီး၏ မွေးနေ့ပွဲတော်ကာလအတွင်း လွန်းလိန်းစေတီအဝင်မုဒ်ဦးမှစ၍ စျေးရောင်းချမည့် မည်သူမဆို တားမြစ်သွားမည်ဖြစ်ကာ လိုက်နာမှုမရှိပါက ရောင်းချမည့်ပစ္စည်းများအား ပွဲတော်ပြီးသည်အထိ သိမ်းဆည်းသွားမည် ဖြစ်ကြောင်းသိရသည်။

 

#ymg/myn
#Yangon_Media_Group