#Local_News
Published_ 24 December 2022

 

တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာလမ်းကြောင်းသစ်ဖြင့် တစ်နှစ်တာအတွင်း ကုန်စည်ပို့ဆောင်မှုပမာဏ (၂၁၈၀၀) တန်ချိန် ပို့ဆောင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်၊၊

 

၂၀၂၁ ခုနှစ် သြဂုတ်လတွင် တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ လမ်းကြောင်းသစ် စတင်စမ်းသပ်ပြေးဆွဲမှု အောင်မြင်ခဲ့ပြီး တရုတ်-မြန်မာနှင့် တတိယနိုင်ငံတို့မှ ကုန်စည်များ ပထမဆုံးအကြိမ် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုနှင့် သယ်ယူပို့ဆောင်မှုကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။

 

တစ်နှစ်တာအတွင်း ရေကြောင်း-ကားလမ်း-ရထားလမ်းပူးတွဲသယ်ယူပို့ဆောင်ရေး အကြိမ် (၂၀) ပြီးမြောက်ခဲ့ပြီး ကုန်စည်ပို့ဆောင်မှုပမာဏ(၂၁၈၀၀) တန်ချိန် ပို့ဆောင်နိုင်ခဲ့ကာ ကုန်စည်တန်ဖိုး ယွမ် (၃၄၈ )သန်း ရှိခဲ့သည် ဟုဆိုသည်၊၊

 

ဒီဇင်ဘာလ ၂၀ ရက်တွင် တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ လမ်းကြောင်းသစ်၏ အကြိမ် (၂၀) မြောက် အထူးကုန်တင်ရထား ပြည်တွင်းပိုင်း သယ်ယူပို့ဆောင်မှုသည် ယူနန်ပြည်နယ် လင်ချန်းမြို့ မုန်တိန် ချင်းရွှေဟော်နယ်စပ်ဂိတ်မှ စတင်ထွက်ခွာ၍ မြန်မာနိုင်ငံသို ဓာတ်မြေသြဇာ တန်ချိန် ၅၅၀ တင်ပို့ခဲ့ပြီး Bonded ပြောင်းဖူး တန်ချိန် ၁၂၀၀ တင်သွင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်၊၊

 

#ymg/tthl
#Yangon_Media_Group