#Local_News
Published_ 24 December 2022

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၇)ရပ်ကွက်ရှိ ခင်နိမ်းမူဂိတ်(၃)၌ လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဒီဇင်ဘာလ၂၂ ရက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် လူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

ဒီဇင်ဘာလ ၂၂ ရက် ညနေ ၃ နာရီ ကျော်အချိန်က အဆိုပါ ဂိတ်၏ အရှေ့မြောက်ဘက် မီတာ ၂၀၀ ခန့်နှင့် မီတာ ၃၀၀ ခန့်အကွာနေရာများမှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ယင်းလက်နက်ကြီးကျည်များမှာ ဂိတ်အနီးရှိ အမှတ်(၇)ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံပြည်သူ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၃ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်းယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါ ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကော့ကရိတ် ခရိုင်၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုပေးခဲ့ပြီး ၎င်းမှတစ်ဆင့် တောင်ကလေးမြို့ နယ်မြေခံတပ်မတော်ဆေးရုံသို့ ဆက်လက် ပို့ဆောင်ဆေးကုသမှုခံယူစေလျက် ရှိကြောင်းနှင့် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group