Published 23 Dec 2022

ခရစ်ယာန်ဘာသာဂိုဏ်းပေါင်းစုံအသီးသီးမှဆရာတော်ကြီးများနှင့် ဘာသာပေါင်းစုံ အကြီးအကဲများ မြန်မာနိုင်ငံငြိမ်းချမ်းရေးရရှိနိုင်ရေး တစ်နိုင်သမျှပါဝင်ဆောင်ရွက်ပေးကြဖို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားပါတယ်။

ယနေ့ ဒီဇင်ဘာ ၂၃ ရက်ညနေက ရန်ကုန်မြို့ Holy Cathedral Churchမှာ ကျင်းပတဲ့ ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားကို တက်ရောက်လာတဲ့ နစက ဥက္ကဋ္ဌက ယခုလိုထည့်သွင်းပြောကြားခဲ့တာ ဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

“ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေးရရှိနိုင်ရေးအတွက် မိမိတို့တက်နိုင်တဲ့ဘက်က တတ်နိုင်သမျှနည်းလမ်းတွေနှင့် အုတ်တစ်ချပ်သဲတစ်ပွင်အဖြစ် ပါဝင်ဆောင်ရွက်ပေးကြဖို့ပြောကြားလိုပါတယ်” လို့ ဗိုလ်ချူပ်မှူးကြီးက အခမ်းအနား တက်ရောက်လာကြသူတွေကိုပြောကြားခဲ့ပါတယ်။

နစကအနှေင့် ငြိမ်းချမ်းရေးတံခါးတွေအမြဲဖွ်လှစ်ထားပြီး တပ်မတော်အနေနှင့်လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေတယ်လို့ နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကထပ်လောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

 အဲဒီအပြင်  ဘာသာရေးကိုအလွဲသုံးစားပြုပြီး နိုင်ငံသားများအကြား စည်းလု့းညီညွတ်မှုပျက်ပြားအောင်၊ပြိုကွဲအောင် လုပ်ဆောင်နေတာတွေကိုလည်း အစဉ်သတိပြုကာကွယ်ဖို့လိုအပ်တယ်လို့ သူကဆက်လက်ပြောဆိုပါတယ်။

အဲဒီနောက် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက “ မြန်မပြည်သူပြည်သားအားလုံး စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိပြီး ခန္ဓာစိတ်ဝမ်း ငြိမ်းချမ်းကြပါစေကြောင်း၊ဘာသာရေး၊စီးပွားရေး၊လူမှုရေးမှအစအလုံးစုံ အဆင်ပြေချောမွေ့ကြပါစေကြောင်းနှင့် ငြိမ်းချမ်းသာယာဝပြောပြီးဝမ်းမြောက်ခြင်းတွေနှင့် ပြည့်ဝနိုင်ကြပါစေကြောင်း ခရစ္စမတ်ဆုမွန်စကားပြောကြားခဲ့ပါတယ်။

အဲဒီနောက် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို၊သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦးနှင့် သိက္ခာတော်ရ ဆရာ ဒေါက်တာအေးမင်းတို့က ခရစ္စမတ်အမှတ်တရလက်ဆောင်ပန်းချီကားကို နစက ဥက္ကဋ္ဌနှင့်ဇနီးဖြစ်သူထံ အမှတ်တရ ပေးအပ်ခဲ့ပြီး နစက ဥက္ကဋ္ဌနှင့်ဇနီးကလည်း ခရစ္စမတ်လက်ဆောင်နှင့် အလှူငွေတွေပြန်လည်ပေးအပ်ခဲ့ တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယနေ့ပွဲကို ဘမြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကတ်သလစ် ဆရာတော်ကြီးများ၊မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊မြန်မာနိုင်ငံ ခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေအဖွဲ့တွေက စုပေါင်းကျင်းပခဲ့တာဖြစ်ပြီး အခမ်းအနားအပြီးမှာ ဗိုလ်ချုပ်မှူးကြီးနှင့်အဖွဲ့ဟာ တက်ရောက်လာသူများနှင့်အတူ မိတ်သဟာယညစာစားပွဲ အတူသုံးဆောင်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

-ymg/knl

#Yangon_Media_Group