#Local_News
Published _ 22 December 2022

 

ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့၏ ရဟတ်ယာဉ်အမှုများကို လာမည့်တစ်ပတ်တွင် အပြီးသတ်လျှောက်လဲချက်ပေးမည် ဖြစ်ကြောင်းတရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက် နှင့် ရက် ၂၀ တို့တွင် သက်သေများ အားလုံးစစ်ဆေးပြီး ဖြစ်သောကြောင့် လာမည့် ဒီဇင်ဘာလ ၂၆ ရက် ၊တနင်္လာနေ့တွင် အပြီးသတ်လျှောက်လဲရတော့မည် ဖြစ်ကြောင်းအဆိုပါ နီးစပ်သူက ပြောသည်။

 

"ဒီတစ်ပတ် တနင်္လာနေ့က ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို စစ်ဆေးဖို့ ကျန်နေသေးတာတွေအတွက် စစ်ဆေးတယ်။ အင်္ဂါနေ့က ဦးမင်းထက်ကို စစ်တယ်၊ ပြီးသွားပြီ။ ဒါကြောင့် လာမယ့်တစ်ပတ်မှာ အပြီးသတ်လျှောက်လဲချက် ပေးမှာ ဖြစ်တယ်"ဟု ယင်းက ဆိုသည်။

 

ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မရဲစခန်းတွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ခဲ့ကာ ရဟတ်ယာဉ် နှင့်ပတ်သက်၍ ရာဇဝတ်ကြီးအမှုအမှတ် ၄၆ ၊ ၄၇ ၊ ၄၈ ၊ ၄၉ နှင့် ၅၀ တိုဖြင့် တရားစွဲဆိုခဲ့ခြင်းလည်း ဖြစ်သည်။

 

#ymg/mt
#Yangon_Media_Group