#Local_News
Published_ 22 December 2022

 

၂၀၂၂ အာဆီယံချန်ပီယံရှစ် (AFF Mitsubishi Electric Cup 2022 )အုပ်စုပွဲစဉ် ကစားရန်အတွက် မြန်မာကိုယ်စားပြုလက်ရွေးစင်ဘောလုံးအသင်သည် ယနေ့ ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် စင်ကာပူနိုင်ငံသို့ရောက်ရှိခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထုတ်ပြန်ထားသည်။

 

မြန်မာလက်ရွေးစင်အသင်းသည် စင်ကာပူလက်ရွေးစင်အသင်းနှင့် ဒီဇင်ဘာ ၂၄ ရက် မြန်မာစံတော်ချိန် ညနေ ၄နာရီ မိနစ် ၃၀ အချိန်တွင် စင်ကာပူနိုင်ငံ Jalan Besar Stadium တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

 

ယှဉ်ပြိုင်ကစားမှုကို SKY NET Sports HD, SKY NET Sport 4 Channel တို့မှတဆင့် Live ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

ပြီးခဲ့သော ဒီဇင်ဘာ ၂၁ ရက်တွင် မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းနှင့် မလေးရှားလက်ရွေးစင်အမျိုးသားအသင်းတို့သည် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

#MYN/ YMG
#Yangon_Media_Group