#Local_News
Published_19 December 2022

 

ကိုဗစ်ကာလအတွင်း ပိတ်ထားခဲ့သည့် တရုတ်နယ်စပ်ဂိတ်အားလုံးကို လာမည့် ဇန်နဝါရီလအတွင်း ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း မူဆယ်နယ်စပ်ကုန်သည်များဆီမှ သိရသည်။

 

တရုတ်နိုင်ငံဘက်မှ အဆိုပါ နယ်စပ်ဂိတ်အားလုံးကို လာမည့်ဇန်နဝါရီလ ၉ ရက်တွင် ပြန်ဖွင့်ရန် ကြိုတင်စာထုတ်ပြန်ထားကြောင်း၊ တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်လိုသူတွေအနေဖြင့် ၂၄ နာရီအတွင်း စစ်ဆေးထားသည့် ကိုဗစ်ရောဂါကင်းရှင်းကြောင်း အထောက်အထားနှင့် ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

ယင်းအပြင် ၂ နှစ်ကျော်ကြာပိတ်ထားသည့် တရုတ်နိုင်ငံအတွင်းက ရွှေလီ-ကျယ်ဂေါင်တံတားကို ဒီဇင်ဘာ ၁၃ ရက်ကနေစတင်ပြီး ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ယင်းကြောင့် ကုန်သည်တွေအနေဖြင့် ယင်းနှင့် ထိစပ်နေသည့်ပြန်လည်ဖွင့်လှစ်ရန် ကုန်သည်တွေအနေဖြင့် ခန့်မှန်းထားခြင်းဖြစ်သည်။

 

လက်ရှိ မူဆယ်နယ်စပ်တွင် တစ်ရက်လျှင် ကုန်ကားအစီးရေ ၁၇၀ ဝန်းကျင် အဝင်အထွက်ရှိနေကြောင်း မူဆယ်နယ်စပ်ဆန်စပါးကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးမင်းသိန်း၏ ပြောပြချက်အရ သိရသည်။ မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေး စခန်းများအနက် ၉၀ ရာခိုင်နှုန်းနီးပါး ကုန်သွယ်မှုပြုလုပ်နေသည့် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၆ ဘီလီယံ ကုန်သွယ်မှုပြုလုပ်ထားကြောင်း ဖော်ပြထားသည့် စာရင်းများအရ သိရသည်။

 

#ymg/sth
#Yangon_Media_Group