#Local_News
Published _ 19 December 2022

မလေးရှား စကိတ်ပြိုင်ပွဲမှာ အသက် ၁၅ နှစ်အောက် မြန်မာကစားသမား ၂ ဦး ရွှေတံဆိပ် ၄ ခု ဆွတ်ခူးရရှိခဲ့ကြောင်း မြန်မာနိုင်ငံ စကိတ်စီးအား ကစားအသင်း( Myanmar Skate Association) မှသိရသည်။

 

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် Melaka Inline Speed Open 2022 စကိတ်ပြိုင်ပွဲကို မြန်မာကိုယ်စားပြု လှိုင်သာယာ သူရဲကောင်းလေးများ အသင်းမှ မောင်နှမဖြစ်သော မောင်အင်အား ၁၃ နှစ်နှင့် မမေခွန်အား ၁၂ နှစ်တို့ ၂ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် ပြိုင်ပွဲအပြီးတွင် ရွှေတံဆိပ် ၄ ခုအထိ ဆွတ်ခူးရရှိခဲ့သည်။

 

မြန်မာနိုင်ငံ စကိတ်စီးအား ကစားအသင်းမှ မီတာ ၂၀၀ နှင့် မီတာ ၈၀၀ mix အတွဲမှာ ထပ်မံဆွတ်ခူးပြီး ရွှေတံဆိပ် (၄) ခုရရှိခဲ့ပြီဖြစ်ပါတယ် ဟု ဆိုထားသည်။

 

ပြိုင်ပွဲကိုမူ မလေးရှားနိုင်ငံ မလက္ကာမြို့၊ ထွန်းဘာတီမာကွင်းတွင် ကျင်းပခဲ့ပြီး အိန္ဒိယ၊ စင်္ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းလည်း သိရှိရသည်။

 

#ymg/NN
#Yangon_Media_Group