#Local_News
Published - 18 Dec 2022

 

ပန်းဆိုးတန်း-ဒလ ချယ်ရီခရီးသည်တင် သင်္ဘောပေါ်တွင် ယနေ့ဒီဇင်ဘာလ ၁၈ ရက် ညနေ
၆ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် ခရီးသည် ပြည်သူအယောက် ၁၇ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ကြကြောင်း သိရသည်။

 

ယင်းဒဏ်ရာရသူများအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရ‌ကြောင်း။ဒဏ်ရာရသူများထဲတွင် ပြင်းထန်ဒဏ်ရာ ရရှိသူ ၅ ဦးရှိကာ ယင်းတို့မှာ စိုးရိမ်ရကြောင်း ပရဟိတ ကူညီရေးအဖွဲ့တစ်ခုမှ လိုက်ပါကူညီပေးခဲ့သူကဆိုသည်။

 

"ကျွန်တော်တို့ပရဟိတအသင်းကား ဆယ်စီးလောက်ပေါင်းစုပြီးပို့ခဲ့ကြပါတယ်။ငါးယောက်ကတော့ ဒဏ်ရာပြင်းပါတယ်ခင်ဗျာ"ဟု ယင်းကပြောသည်။

 

Photo-CJ
ymg/mt
#Yangon_Media_Group