#Local_News
Published_ 15 December 2022

 

မန္တလေးတိုင်း၊ တံတားဦးကို ဗဟိုပြုလှုပ်ခတ်သွားသည့်ငလျင်ကြောင့် မြသိန်းတန်ဘုရားနှင့်မင်းကွန်းရှိရှေးဟောင်းအဆောက်အဦးများ၊ အင်းဝရှိရှေးဟောင်း အဆောက်အဦများ ထိခိုက်ပျက်ဆီးမှုအနည်းငယ်ရှိသည်ဟုရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (စီမံ)ညွှန်ကြားရေးမှူးဦးအောင်အောင်ကျော်ကပြောသည်၊၊

 

လတ်တလောတွင် မန္တလေးတိုင်းရှေးဟောင်းသုတေ သနဌာနက ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်နေပြီး ပျက်စီးမှုစာရင်းတွေကောက်ယူနေဆဲဖြစ်သည်ဟု ဆိုသည်၊၊

 

ငလျင်ကြောင့် စေတီ၊ ပုထိုးရှေးဟောင်းအဆောက်အဦးတွေ ထိခိုက်ပျက်စီးမှုရှိတဲ့ အခြေအနေနှင့် ပတ်သက်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(စီမံ)ညွှန်ကြားရေးမှူးဦးအောင်အောင်ကျော်ကအခုလိုပြောပြသည်၊၊

 

"အင်းဝဟာ ငလျင်နဲ့လေးမိုင်လောက်ပဲဝေးလို့ ထိခိုက်ပျက်ဆီးမှုတွေရှိပါတယ်၊၊ မင်းကွန်းဘက်မှာလည်းထိခိုက်ပျက်စီးမှုအနည်းငယ်ရှိသလို မြသိန်းတန်ဘုရားနဲ့လည်း နီးကပ်တဲ့အတွက် စိန်ဖူးတော်ထိခိုက်မှုအနည်းငယ်ရှိခဲ့ပါတယ်၊၊ ထိခိုက်ပျက်စီးမှုစာရင်းတွေကိုတော့ ဌာနကကွင်းဆင်းကောက်ယူနေဆဲပါ"ဟု ညွန်ကြားရေးမှူးဦးအောင်အောင်ကျော်က ပြောသည်၊၊

 

ဒီဇင်ဘာလ (၁၅)ရက်မနက်(၃)နာရီ(၁၆)မိနစ်ကျော်တွင် မန္တလေးတိုင်း၊တံတားဦးအနီးဗဟိုပြုပြီး အင်အား (၅.၂)အဆင့်ရှိအင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သည့်အတွက် မန္တလေးတိုင်းနှင့်စစ်ကိုင်းတိုင်းအတွင်းရှိရှေးဟောင်းအဆောက်အဦအချို့ ထိခိုက်ပျက်စီးမှုတွေရှိတာဖြစ်ကြောင်းသိရသည်၊၊

#ymg/tthl
#Yangon_Media_Group