Published 12 Dec 2022

နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး Mr. CHHOUK Bunna ကိုလက်ခံတွေ့ဆုံပြီး နစကရဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေတာတွေအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးကိစ္စတွေဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

ဗိုလ်ချူပ်မှူးကြီးနှင့် ကမ္ဘောဒီးယားသံအမတ်ကြီးတို့ဟာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှု၊ ရင်းနှီးမြှပ်နှံမှုနှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ပူးပေါင်းဆောင်ရွက်မှု၊ ၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်မဲမသမာမှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက် နစကက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ နိုင်ငံတာဝန်ယူခဲ့မှု၊ရှေ့လုပ်ငန်းစဉ်တွေချမှတ်ပြီး နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှုနှင့် နိုင်ငံအေးချမ်း တည်ငြိမ်ဖို့ ဥပဒေနှင့်အညီဉ ထိန်းးသိမ်းဆောင်ရွက်နေမှုတွေကို‌ ဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။

အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ  နစကတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချူပ်ကြီးရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီးနှင့် အတူ သံရုံမှတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

-ymg/knl

#Myanmar_Cambodia

#Myanmar_ASEAN