#Local_News
Published_6 December 2022

 

မဲဆောက်မှတစ်ဆင့် ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်သို့သွားရောက်သည့် တရားမဝင် မြန်မာ ၂၄ ဦးပါ ပစ်ကပ်ယာဉ်တစ်စီး ယနေ့ ဒီဇင်ဘာလ ၆ ရက် နံနက်ကိုင်းက တိမ်းမှောက်၍ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အမ်ဖောဖတ်ဟိုင်ခရိုင် တမ်ဘွန်စေနာမြို့နယ်သို့ အသွား အယုထယာပြည်နယ်အတွင်း အရှိန်ဖြင့် မောင်းလာသော အဆိုပါ ပစ်ကပ်ယာဉ်မှာ လမ်းကွေ့တစ်ခုအရောက်တွင် တိမ်းမှောက်ခဲ့ခြင်းကြောင့် လမ်းဘေး၌ ဆွမ်းလောင်းရန် စောင့်ဆိုင်းနေသော ထိုင်းနိုင်ငံသားသက်ကြီးရွယ်အို အဖွားတစ်ဦးအပါအဝင် နှစ်ဦး အပါအဝင် စုစုပေါင်း ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

ဒဏ်ရာရသူများအား ဖတ်ဟိုင်ပရဟိတလူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ဖတ်ဟိုင်ရဲစခန်း အပါဝင် အနီးရှိဖတ်ဟိုင်ဆေးရုံဝန်ထမ်းများ က လာရောက်ကူညီကယ်ဆယ်စစ်ဆေးမှု ပြုလုပ်ပေးခဲ့ကာ ဖတ်ဟိုင်ဆေးရုံသို့ ပို့ဆောင်ကုသပေးထားကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group