#Local_News
Published_ 6 December 2022

 

အားကောင်းသည့်လေဖိအားနည်းအရှိန်ကြောင့် လာမယ့်(၇၂)နာရီအတွင်း မိုးရွာသွန်းခြင်း၊ လေပြင်းတိုက် ခတ်ခြင်းနှင့်မိုးထစ်ချုန်းခြင်းများဖြစ်ပေါ်လာနိုင်ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ဒီဇင်ဘာလ(၆)ရက်တွင် သတိပေးချက်ထုတ်ပြန်ထားပါတယ်၊၊

 

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် နောက်(၁၂)နာရီအတွင်းမုန်တိုင်းငယ်(Depression)အဖြစ်လည်းကောင်း၊ ဒီဇင်ဘာ(၈)ရက်တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်လည်းကောင်းပိုမိုအားကောင်းလာမည် ဖြစ်သည်၊၊

 

အဆိုပါ အားကောင်းသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့်ဒီဇင်ဘာလ(၆)ရက်မနက်ပိုင်းမှနောက်(၇၂)နာရီအတွင်း ပဲခူးတိုင်း
၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ နေပြည်တော်၊ မကွေးတိုင်း၊ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာသွန်းနိုင်သည်ဟုထုတ်ပြန်ထားသည်၊၊

 

မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်ဖြစ်သည်၊၊

 

အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများဖြစ်ပေါ်နိုင်လို့ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုကြရန်သတိပေးချက်ထုတ်ပြန် ထားကြောင်းသိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group